ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် The International Friendship Exchange Council (FEC) ၏ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် The International Friendship Exchange Council (FEC) ၏ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေး




တိုကျို၊ ဇူလိုင် ၁

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် The International Friendship Exchange Council (FEC) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Ken Matsuzawa တို့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် The International Friendship Exchange Council (FEC) ရုံးခန်း၌ တွေ့ဆုံခဲ့သည်။

ထို့သို့တွေ့ဆုံစဉ် မြန်မာသံရုံး၊ တိုကျိုမြို့နှင့် The International Friendship Exchange Council (FEC) တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် မြန်မာသံရုံး၊ တိုကျိုမြို့နှင့် The International Friendship Exchange Council (FEC) အကြား ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မြန်မာသံရုံး၊ တိုကျိုမြို့သည် The International Friendship Exchange Council (FEC) နှင့် ပူးတွဲကာ ၂၀၂၂ ခုနှစ်၊ မတ်လတွင် Myanmar-Japan Business Forum အား လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် Business Consultation Meeting အား လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် Myanmar-Japan Business Forum အား လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)