မင်းဘူး(စကု)မြို့နယ်၌ Kubota (၆)တန်းသွား ကောက်စိုက်စက်နှင့် အင်ဂျင်ပါဝါသုံး လက်ဆွဲကောက်စိုက်စက်တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ Kubota (၆)တန်းသွား ကောက်စိုက်စက်နှင့် အင်ဂျင်ပါဝါသုံး လက်ဆွဲကောက်စိုက်စက်တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပ

 




မင်းဘူး ၊ ဇူလိုင် ၂၉


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ်မှန်ကန်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများကို အဓိကဖြေရှင်းပေးနိုင်စေရန် Kubota (၆)တန်းသွား ကောက်စိုက်စက်နှင့် အင်ဂျင်ပါဝါသုံး လက်ဆွဲကောက်စိုက်စက်တို့ကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရိုးကြီးကျေးရွာ၊ ကွင်းအမှတ် ၁၂၉၆ ရှိ ဒေသခံတောင်သူ ဦးဝင်းတင်၏ လယ်မြေ ၉ ဧကအတွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများကို ရင်းနှီးကျွမ်းဝင်ပြီး တွင်ကျယ်စွာ အသုံးလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းပြီး ဆောင်ရွက်ပါက လုပ်သားအင်အားကုန်ကျမှုနှင့် လုပ်သားရှာပါးမှုပြသနာကို ဖြေရှင်းပေးနိုင်ကာ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်းကောင်းမွန်ခြင်း စသည့် ကောင်းကျိုးများစွာရရှိစေနိုင်သည့်အတွက် ယခုလို တောင်သူပညာပေးကွင်းသရုပ်ပြ စိုက်ပျိုးရခြင်းဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန၊ မင်းဘူးမြို့ အမှတ်(၈)စက်မှုလယ်ယာစခန်းမှ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးအောင်မျိုးမြင့်က ရှင်းလင်းပြောကြားခဲ့သည်။


ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက လယ်ယာသုံးစက်ကိရိယာများ ပံ့ပိုးကူညီ၍ ရိုးကြီးကျေးရွာမှ ဒေသခံတောင်သူ ဦးဝင်းတင်၏ လယ်မြေ ၃ ဧကအတွင်း မြေအောက်ရေသုံး ဆိုလာရေတင်စနစ်ဖြင့် မိုးစပါးတစ်ဧကကို စပါးမျိုးစေ့ ၁၄ ပြည်ခန့် ပျိုးထောင်ကာ စက်သုံးဆီ ဒီဇယ် ၃ ဂါလံ အသုံးပြု၍ Kubota (၆)တန်းသွား ကောက်စိုက်စက်ဖြင့် ပင်ကြားအကွာအဝေး (၄ လက်မမှ ၈ လက်မအထိ)၊ တန်းကြားအကွာအဝေး ၁၁ လက်မနှုန်း၊ အင်ဂျင်ပါဝါသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် ပင်ကြားအကွာအဝေး (၄ လက်မမှ ၇ လက်မအထိ)၊ တန်းကြားအကွာအဝေး ၉ လက်မနှုန်းဖြင့် တောင်သူစိတ်ကြိုက် လိုအပ်သလိုချိန်ညှိ၍ လက်တွေ့စိုက်ပျိုးဆောင်ရွက်ခဲ့ရာ တောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)