ဂျကာတာမြို့အခြေစိုက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ သံအမတ်ကြီးများ၏ ဒုတိယအကြိမ် အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျကာတာမြို့အခြေစိုက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ သံအမတ်ကြီးများ၏ ဒုတိယအကြိမ် အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက်




ဘိုဂေါ၊ ဇူလိုင် ၄

အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် Le Eminence Puncak Hotel Convention and Resort, West Java ၌ ပြုလုပ်သည့် ဂျကာတာမြို့အခြေစိုက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ သံအမတ်ကြီးများ၏ ဒုတိယအကြိမ်အစည်းအဝေး (2/2024 EAS Group Meeting) သို့ ၃-၇-၂၀၂၄ ရက်တွင် တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် အာဆီယံဆိုင်ရာ လာအိုအမြဲတမ်းကိုယ်စားလှယ် H.E. Bovonethat DOUANCHAK က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာဆီယံဆိုင်ရာ တီမောလက်စတေ အမြဲတမ်းကိုယ်စားလှယ်မှ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အရှေ့အာရှထိပ်သီးအစည်းအဝေး လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အကောင်အထည်ဖော်ဆောင်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံဥက္ကဋ္ဌ လာအို၏ ဆောင်ပုဒ်ဖြစ်သည့် ပေါင်းစည်းဆက်သွယ်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်း ခိုင်မာအားကောင်းစေရေး ခေါင်းစဉ်အောက်မှ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် အရှေ့အာရှထိပ်သီး အစည်းအဝေးအနေဖြင့် ပံ့ပိုးအားဖြည့်သွားနိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)