MNDAA အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb ချ တိုက်ခိုက်မှုကြောင့် လားရှိုးလေဆိပ်အနီးရှိ တရုတ်ဘုံကျောင်း ထိခိုက်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb ချ တိုက်ခိုက်မှုကြောင့် လားရှိုးလေဆိပ်အနီးရှိ တရုတ်ဘုံကျောင်း ထိခိုက်ပျက်စီး




လားရှိုး၊ ဇူလိုင် ၉

MNDAA အကြမ်းဖက်အဖွဲ့အနေဖြင့် လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိပြီး ယမန်နေ့(၈-၇-၂၀၂၄) ရက်နေ့က Drone ဖြင့် Drop Bomb ချ တိုက်ခိုက်မှုကြောင့် လားရှိုးလေဆိပ်အနီးရှိ တရုတ်ဘုံကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ကြားရေး ဒုဝန်ကြီး၏ ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ရှင်းလင်းပြောကြားချက်တွင်လည်း ထည့်သွင်းပြောကြားသွားခဲ့ရာ "အခုလားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့က စ တိုက်ခိုက်လာပြီး နေ့စဉ်အဝေးကနေ ရှော့တိုက်ဒုံး၊ Drone တွေနဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၁၈)ဦး သေဆုံးပြီး (၂၄)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတိုင်းမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝပျက်သုဉ်းခဲ့ရပါတယ်။ လားရှိုးမြို့မှာ ထင်ရှားတဲ့ လားရှိုးလေဆိပ်အနီးက တရုတ်ဖရွန်ဘုံကျောင်းကို မနေ့မနက် ၇ နာရီမှာ Drone နဲ့ Drop Bomb ချ တိုက်ခိုက်ခဲ့ပါတယ်။ လားရှိုးမှာနေထိုင်ကြတဲ့ တရုတ်လူမျိုးများအပါအဝင် ဒေသခံပြည်သူလူထုကလည်း ဒီ MNDAA နဲ့ အပေါင်းပါအဖွဲ့တွေကို အလိုမရှိကြောင်း ဆန့်ကျင်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ မြို့ခံလူထု၊ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။" ဟု ထည့်သွင်းပြောကြားသွားခဲ့သည်။

MNDAA အကြမ်းဖက်အဖွဲ့သည် လောက်ကိုင်မြို့တွင် စေတီတော်ကို ဖြိုဖျက်ခြင်း၊ ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီးခြင်းကဲ့သို့သော မြန်မာပြည်သူလူထု လက်မခံနိုင်သည့် ဘာသာရေးစော်ကားမှုများကိုလည်း ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့သော အကြမ်းဖက်အဖွဲ့ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)