စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် Mobile Fuel Lab ယာဉ်များဖြင့် စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် Mobile Fuel Lab ယာဉ်များဖြင့် စစ်ဆေးဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၁၂

စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှု ကွင်းဆက်အတွင်း အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အရည် အသွေးစံချိန်စံညွှန်းကိုက်ညီမှုနှင့် အခြင်အတွယ် ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် ဌာနပိုင် Mobile Fuel Lab ယာဉ်များဖြင့် စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်၍ အရည်အသွေးနှင့် အခြင်အတွယ် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၂၆၁ ဆိုင်ကို Mobile Fuel Lab ယာဉ်များဖြင့် အရည်အသွေးနှင့် အခြင်အတွယ်စစ်ဆေး ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

ထို့အတူ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် အရည်အသွေးနှင့် အခြင်အတွယ်စစ်ဆေးခြင်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စက်သုံးဆီအရောင်းဆိုင် ၃၆၀ နှင့် အခြင်အတွယ်စစ်‌ဆေးခြင်းကို အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၆၀၀ စုစုပေါင်း အရောင်းဆိုင် ၉၆၀ ကို စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်လအထိ အရောင်းဆိုင်စုစုပေါင်း ၃၄၅ ဆိုင် ကို အရည်အသွေးနှင့် အခြင်အတွယ်စစ်ဆေးခြင်းများကို ဆောင်ရွက် နိုင်ခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှုကွင်းဆက်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှု ကွင်းဆက်ဖြစ်ပေါ်လာစေရေးနှင့် အများပြည်သူများ အရည်အသွေး စံချိန်စံညွှန်းနှင့် အခြင်အတွယ် ပြည့်မီသောစက်သုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အရည်အသွေးနှင့် အခြင်အတွယ်စစ်ဆေးခြင်းတို့ကို ပိုမိုထိရောက်စွာ ထိန်းကျောင်းကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)