ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က ရွေးကောက်ပွဲကို နှောက်တော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က ရွေးကောက်ပွဲကို နှောက်တော့မည်





မဲလိမ်မဲခိုးရာမှ အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် NLD ပါတီ ဦးဆောင်သူများ ဖွဲ့စည်းထားသည့် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က အစိုးရကျင်းပမည့် ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲအဖြစ် လှုံ့ဆော်ရေးသား ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက "ဒီအချိန်မှာ အစိုးရက ပြည်သူလူထုလိုလားတဲ့ ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ ဆောင်ရွက်နေတယ်။ NLD ပါတီက လုပ်ခဲ့သလို ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲမျိုးမဖြစ်အောင်လည်း စနစ်တကျ ဆောင်ရွက်ရတယ်။ ဒီလိုအချိန်မှာ NUGအကြမ်းဖက်အဖွဲ့ရဲ့ လက်ကိုင်တုတ် PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်မျိုးတွေသာ မရှိရင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ချောမွေ့စွာ ဆောင်ရွက်နိုင်မယ်။ ရွေးကောက်ပွဲကို အေးချမ်းစွာ ကျင်းပနိုင်မယ်။ ပြည်ပြေး ဝရမ်းပြေးတွေက ပြည်သူလူထုအတွက် ဘာတစ်ခုမှ တာဝန်ယူပြီး လုပ်ကိုင်ပေးနိုင်တာမျိုးလည်း မရှိဘဲနဲ့ အစိုးရက လုပ်မယ့် ရွေးကောက်ပွဲကို အတုအယောင်လို့ လှုံ့ဆော်နေတယ်။ မဲလိမ်မဲခိုးမှုတွေ ဖြစ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲက အစစ်အမှန်လား။ အဲဒီ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ပြီး အနိုင်ရခဲ့တာကို အာချောင်ပြီး တရားဝင်အစိုးရသဖွယ် ဟန်လုပ်နေတာက ရှက်စရာကောင်းပါတယ်။ တကယ်တော့ NUG က ကောင်တွေ၊ ကောင်မတွေ ဟာ သူတို့အကြောင်း သူတို့သိတယ်။ ပြည်ပနိုင်ငံတွေရဲ့ အကူအညီနဲ့ ပြည်သူတွေ အတိဒုက္ခရောက်အောင် လုပ်နေတဲ့ သူတို့လုပ်ရပ်တွေကို သူတို့ အသိဆုံးပဲ။ ဒီလို လုပ်စားမှ ရတော့မယ့် အခြေအနေ ဖြစ်လို့ ဒီလိုရပ်တည်ပြီး လုပ်စားနေတာပါ။ မစားရတဲ့ အမဲကို သဲနဲ့ ပတ်တာပေါ့ဗျာ။ ရွေးကောက်ပွဲပြီးလို့ တရားဝင်အစိုးရပေါ်ပေါက်လာရင် NUG ဆိုပြီး အာချောင်နေလည်း ဘာမှ မထူးတော့ဘူး။ ဒီလို သဘောမျိုးတွေကို အများပြည်သူက နားလည်သင့်ပါတယ်။" ဟု ပြောဆိုသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းပြီး ပထမဆုံးအကြိမ်ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ရန်၊ ဖွဲ့စည်းပုံကို ဆန့်ကျင်ရန် လှုံ့ဆော်မှုများ ရှိခဲ့ပြီး ၂၀၁၂တွင် ရွေးကောက်ပွဲ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ၍ NLD ပါတီက အစိုးရဖွဲ့နိုင်ခဲ့ပြီး ၎င်းတို့အစိုးရလက်ထက် ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အခြားအတိုက်အခံ အင်အားစုများကို မဲဆွယ်စည်းရုံးမှု လုပ်ဆောင်နိုင်ခြင်းမရှိစေရန် တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားသည့် ကာလတွင် အကြမ်းဖက်လုပ်ရပ်များကို ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၏ အကူအညီဖြင့် အစဉ်တစိုက် လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များအရ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF နှင့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၇၈၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)