PDF အမည်ခံ သူခိုး၊ ဓားမြ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံ သူခိုး၊ ဓားမြ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်လျှက်ရှိ


နေပြည်တော်၊ ဇူလိုင် ၁၀                                                                                                                    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် PDF အမည်ခံ အကြမ်းဖက်သမား များက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သား ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့် မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက် သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ညောင်တိုကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ တောင်သာမြို့နယ်၊နတ်စောင့်ကျေးရွာနေ ဦးကြည်ဇော်(၄၀)နှစ်သည် တစ်ရွာတည်းနေ ဦးနိုင်မင်း(ခ)ပေါ်ပေါ်(၃၃)နှစ်၊ မောင်ချစ်စန်းလွင်(၁၉)နှစ်တို့နှင့်အတူ နတ်စောင့်ကျေးရွာမှ တောင်သာ မြို့သို့ တောင်သာ-ဇဂျမ်းကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့်ထွက်ခွာလာစဉ် ညောင်တိုကျေးရွာလမ်းခွဲ အရောက်၌ အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားငါးဦးက ဦးကြည်ဇော် အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ၎င်းပိုင်လက်ကိုင်ဖုန်းတစ်လုံးနှင့် Luojia-110 ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးကြည်ဇော်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲ ကျေးရွာအနီးရှိ ဆည်မြောင်းဘောင်ပေါ်၌ အမျိုးသားနှစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက်(၃၅) နှစ်ခန့်ရှိ အမျိုးသားတစ်ဦး(စိစစ်ဆဲ)နှင့် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး(စိစစ်ဆဲ)တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရေး သေဆုံးသူများ အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။  

အလားတူ ည ၆ နာရီခွဲတွင် ကျောက်ပန်းတောင်းမြို့နယ်၊ ခါးပတ်ကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးဝင်း(၆၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားလေးဦး က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်၍ ၎င်းပိုင် CZI-125 ဆိုင်ကယ်တစ်စီးနှင့် OPPO အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးဝင်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ည ၈ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မအေးယုလှိုင်(၂၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU/PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့ က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် မအေးယုလှိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)