RCSS က ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းကာကွယ်သွားမည်ဟု ထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

RCSS က ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းကာကွယ်သွားမည်ဟု ထုတ်ပြန်ကြေညာ



နေပြည်တော်၊ ဇူလိုင် ၂၉

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၂၀၂၄ခုနှစ်၊ (၆)လပတ် အစည်းအဝေး ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ထားရာ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ရှမ်းပြည်လူထုတို့သည် အိုးအိမ်ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွါ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့ရသည့်အပြင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများလည်း အတိဒုက္ခ အခက်အခဲ ကြုံတွေ့နေရခြင်းအပေါ် RCSS အနေဖြင့် စိတ်မကောင်းခြင်းများစွာ ဖြစ်ရကြောင်း ထုတ်ပြန်ထားသည်။

တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်းတွင် (၃)နှစ်ကျော် ကာလအတွင်း တိုင်းပြည်အနှံ့ တိုက်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် နေရာဒေသအသီးသီးတွင် လူဆိုးသူခိုးဓားပြတို့ များပြားလာခြင်းသည် ပြည်သူလူထုအား လူမှုဒုက္ခနှင့် အခက်အခဲများ ကြုံတွေ့စေခဲ့ကြောင်း ထောက်ပြပြောဆိုထားသည်။

ရှမ်းပြည်တောင်ပိုင်း တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် RCSS အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်း၍ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

RCSS ၏ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများသည် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)