သန်လျင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ချကိရိယာ(SEEDER)ဖြင့် ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ချကိရိယာ(SEEDER)ဖြင့် ကွင်းသရုပ်ပြပွဲကျင်းပ




ရန်ကုန်  ၊  ဇူလိုင်  ၁


သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ သနပ္ပင်ကျေးရွာတောင်သူဦးကြာဝင်း၏ လယ်မြေတွင် မိုးစပါးမျိုးစေ့ချကိရိယာ(SEEDER)ဖြင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပသည်။


အစီအစဉ်အရ ယာယီရှင်းလင်းဆောင်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မန်နေဂျာဒေါ်ခင်ခင်ပြုံးက မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး တောင်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပံ့ပိုးကူညီပေးသွားမည့်အစီအစဉ်များအားလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှဦးစီးအရာရှိဦးဌေးက မိုးစပါးမျိုးစေ့ချကိရိယာ(SEEDER)အသုံးပြုပုံနည်းစနစ်များအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တောင်သူများ၏ သိရှိလိုသည်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မန်နေဂျာဦးကျော်စိုးဝင်းက ရှင်းလင်းဖြေကြားပေးသည်။


ယင်းနောက် မိုးစပါးမျိုးစေ့ချကိရိယာ(SEEDER)ဖြင့် ကွင်းသရုပ်ပြသကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)