ULA/AA အကြမ်းဖက်အုပ်စု က သံတွဲ၊ ငပလီရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးတောင်းခံမှုများ ပြုလုပ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ULA/AA အကြမ်းဖက်အုပ်စု က သံတွဲ၊ ငပလီရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးတောင်းခံမှုများ ပြုလုပ်နေ


သံတွဲ၊ ဇူလိုင် ၂

ULA/AA အကြမ်းဖက်အုပ်စု က သံတွဲ၊ ငပလီရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးတောင်းခံမှုများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

UAL/AA အမည်ခံ အကြမ်းဖက်အဖွဲ့ က ဆက်ကြေးတောင်းခံနေမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုရာတွင် "AA က သူတို့ကိုယ်တိုင် ဆက်ကြေးကောက်နေတယ်။ ခွေးသူတောင်းစားတွေက ဘယ်က ဝင်ငွေရှိလို့လဲ။ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးခံရတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေထံက ဆက်ကြေးကောက်နေတယ်။ သူတို့ ကိုယ်တိုင် လုပ်တဲ့ အလုပ်ကို တခြားသူက  သူတို့အမည်နဲ့ ငွေလိမ်နေပါတယ်လို့ မလိမ့်တပတ် ထုတ်ပြန်ချက် ထုတ်လိုက်သေးတယ်။ ခွေးထက်မိုက်တဲ့ ကောင်တွေ၊ ရခိုင်ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လုပ်တယ်။ ကိုယ့်အပြစ်ကိုယ် ဝန်မခံရဲဘူး။" ဟု ဆက်သွယ်ပြောဆိုသည်။

AA က ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ ရက်စွဲဖြင့် "မိမိတို့ULA/AA နာမည်ကိုအသုံးပြုပြီး သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေကြောင်း သိရှိရပါသည်။ မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံနေသောသူများအနေဖြင့် ယခုကဲ့သိုသော လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ပါသည်။" ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တွင် ULA/AA အမည်ခံ အကြမ်းဖက်အဖွဲ့က ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး၊ မျိုးဆက်သစ် ကလေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အရေးများလည်း ဆုံးရှုံးခဲ့ရသည်။ 


https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)