AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးကို ဖမ်းဆီးသွားကြောင်း သိရ၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးကို ဖမ်းဆီးသွားကြောင်း သိရ၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိ


သံတွဲ၊ သြဂုတ် ၈

ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ ဘိုကလေး ဘက်တွေမှာ အပြစ်မဲ့ ပြည်သူများ၊ ဆရာတော်များကို AA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်သတင်းပေးပို့ထားသည်။

ဒေသခံက က "လိုက်လုံဖမ်းဆီးသတ်ဖြစ်နေတာတွေကို ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ ကြားသိနေရပါတယ်။ ဇူလိုင်လနောက်ဆုံးပိတ်ရက်ကလည်း (၁၅)ဦးထက်မနည်း သတ်ဖြတ်ပစ်တယ်လို့ကြား သိနေရပါတယ်။ အခုလည်း ဘိုကလေး ဆရာတော်ကို မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဆရာတော် ဘွဲ့အမည်က ဘဒ္ဒန္တဣန္ဒက၊ သာသနဓဇဓမ္မစရိယ ရခိုင်ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဓမ္မသုခပရိယတ္တိစာင်တိုက်ကပါ။ ဆရာတော်ကို မှီခိုစားသောက်နေတာကလည်း အများကြီးကျန်ခဲ့ပါတယ်ခင်ဗျ။ ရဟန်းအပါး (၃၀) ဆယ်၊ ကျောင်းသား/ကျောင်းသူ အယောက် (၁၀၀) ကျော်ကျန်ရှိခဲ့ပါတယ်။ ခုဆိုရင် တအားဒုက္ခရောက်နေကြပါတယ်။ AA တွေဟာ ရဟန်းသံဃာတွေကိုပါ ဖမ်းဆီးသတ်ဖြတ်နေတာပါ။" ဟု ဆက်သွယ်ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်အဖွဲ့က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖန်တီးပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့်အပေါ် ဒေသခံပြည်သူများက တပ်မတော်အနေဖြင့် ထိရောက်ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်စေလိုကြောင်း ဆက်သွယ်ပြောဆိုသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)