မှော်ဘီမြို့နယ် AFoCo RETC သင်တန်းကျောင်းတွင်သစ်တောနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းဆိုင်ရာ အသိပညာပေးဟောပြော ပွဲEco School Program for Students အစီအစဥ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ် AFoCo RETC သင်တန်းကျောင်းတွင်သစ်တောနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းဆိုင်ရာ အသိပညာပေးဟောပြော ပွဲEco School Program for Students အစီအစဥ်ကျင်းပ



 မှော်ဘီ  ၊   ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ ဖြိုးရေးဌာန၊အာရှဒေသအဆင့် သစ် တောကဏ္ဍပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO  RETC)(Asian Forest Cooperation Organization.Regional Education and Training Centre)ခန်း မ၌သစ်တောနှင့်ပတ် ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာအသိပညာပေး ဟော ပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

   အခမ်းအနားတွင်အာရှဒေသအဆင့်သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း(AFoCO RETC)မှကျောင်းအုပ်ကြီး ဦးသိန်းသန်းထွန်းက မျိုးဆက်သစ် လူငယ်များကို သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာများ၊သစ်ေတာလုပ်ငန်းများလက်တွေ့လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့်အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်ရည်ရွယ်၍Eco-Schoo Program For students သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြား၍ သင်တန်းကျောင်းဆိုင်ရာဗွီဒီယိုပြသခြင်း၊ ပညာပေးဟောပြောဆွေးနွေးခြင်း၊ကျောင်းသား၊ကျောင်းသူများကသင် တန်းကျောင်းအတွင်းလေ့ လာခြင်း၊အမှတ်တရစုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ပျိုးဥယျာဉ်လေ့လာရေးခရီးသွားရောက်ခြင်း၊ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများပြုလုပ်ခဲ့ပြီး၊အမှတ်တရစု ပေါင်းဓာတ်ပုံရိုက်ကာအမှတ်တရလက်ဆောင် ပစ္စည်းများနှင့်ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း

သိရသည်။

    အဆိုပါသစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ဖိတ်ကြားထားသောဌာဆိုင်ရာများ၊သင်တန်းကျောင်းမှ၀န်ထမ်း များ၊မင်္ဂလာဒုံမြို့နယ်၊အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ(၉၀)ဦးတက် ရောက်ခဲ့ပြီး အာရှဒေသကို စိမ်းလန်းသာယာသော မြေအဖြစ် ရေရှည်တည်တံ့စေရေးအတွက် သက်ဆိုင်ရာဒေသနေပြည်သူ များ၊ပါတ်သက်ဆက်နွယ်သူများ ၏စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကိုBuilding Capacity in Forestry through education and training for Asia Region အဖြစ်ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဝင်းဇော်(မှော်ဘီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)