တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံရှေးဦးပြုစုခြင်း (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံရှေးဦးပြုစုခြင်း (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်




ထားဝယ်  ၊ ဩဂုတ် ၇


တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ထားဝယ်ပညာရေးဒီဂရီကော်လိပ်တို့ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း (၃/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက  ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကော်လိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကမ္ဘာတစ်ဝှမ်းလုံးတွင် အမျိုးသားကြက်ခြေနီအသင်းပေါင်း (၁၉၂)သင်းရှိရာ ကြက်ခြေနီစေတနာလုပ်အားရှင်၊ ကြက်ခြေနီဝန်ထမ်းနှင့် ကြက်ခြေနီလုပ်ငန်းကိုပံ့ပိုးကူညီသူ အရေအတွက်ထက်ဝက်မှာ လူငယ်များဖြစ်ကြောင်း၊ ကြက်ခြေနီသည် ဆင်းရဲဒုက္ခခံစားရသူများ၊ အကူအညီအဆောတလျင် လိုအပ်နေသူများကို ခွဲခြားခြင်းမရှိဘဲကြားနေကာ လူသားချင်းစာနာထောက်ထားသည့်စိတ်ဓာတ်၊ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် စိတ်ရင်းစေတနာဖြင့် ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီပေးနေကြသူများကို ကိုယ်စားပြုခေါ် ဆိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည်အမျိုးသားအသင်း၏ တာဝန်ဝတ္တရားများ ဖြစ်သည့်လူမှုဂရုဏာလုပ်ငန်းများကို ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်ဆိုသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့အပြင် လူမှုဂရုဏာလုပ်ငန်းနယ်ပယ်များတွင် နိုင်ငံတော်၏ အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေးဦးပြုစုခြင်းကို အသင်း၏အဓိက ကျောရိုးမဏ္ဍိုင်အဖြစ် သတ်မှတ်ပြီးလူတိုင်း ရှေးဦးပြုစုခြင်းပညာတတ်မြောက်ရေးအတွက် ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းသား/သူများသည် နောင်တစ်ချိန်တွင် မိမိတို့ရပ်ရွာဒေသ၏ အကျိုးပြုဆရာ/မများဖြစ်ကြောင်း၊  ယခုလို ရှေးဦးသူနာပြုစုခြင်းသင်တန်းကို တက်ရောက်ထားသည့် အကျိုးရလဒ်အဖြစ် ပညာရေးဒီဂရီကောလိပ်နှင့်မိမိတို့တာဝန်ကျရာဒေသများတွင် ကြက်ခြေနီအသိပညာပေးလုပ်ငန်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း၊ အခြေခံရှေးဦးသူနာပြုစုနည်းနှင့် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ဦးဆောင်နိုင်မှာဖြစ်ကြောင်း၊ မိမိတာဝန်ကျရာ ရပ်ရွာဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိတ်ပိုင်း၊ လူမှုရေးဆိုင်ရာ အားပေးကူညီခြင်းများ ဆောင်ရွက်နိုင်သည့်ဆရာကောင်း၊ ဆရာမွန်တွေ ဖြစ်ကြပါစေဆုတောင်းပေးကြောင်းပြောကြား သည်။


ထို့နောက်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာ သင်တန်းသူများ က လက်ခံရယူပြီးထားဝယ်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်နီနီသန်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)