နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်အတွင်းရှိ ရေလှောင်တမံများနှင့် ရေပိုလွှဲများကြံ့ခိုင်မှုနှင့် ရေဝင်ရောက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်အတွင်းရှိ ရေလှောင်တမံများနှင့် ရေပိုလွှဲများကြံ့ခိုင်မှုနှင့် ရေဝင်ရောက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး






နေပြည်တော်၊ ဩဂုတ် ၂၅

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံသို့သွားရောက်၍ ငလိုက်ရေလှောင် တမံအတွင်း ရေဝင်ရောက်မှု အခြေအနေများနှင့် ရေပိုလွှဲအားကြည့်ရှုစစ်ဆေးသည်။

ထို့နောက်  ငလိုက်ရေလှောင်တမံ ရှင်းလင်းဆောင်တွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ထိန်းသိမ်းရေး) ညွှန်ကြားရေးမှူး ဦးအောင်သီဟက ငလိုက်ရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေများ၊ တမံအတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့်  တမံမှစိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တမံကြံ့ခိုင်မှုရှိစေရေး၊ တမံအတွင်း ရေဝင်ရောက်မှု အခြေအနေများကို အမြဲမပြတ်စောင်ကြည့်ရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့သည် ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းရေလှောင်တမံသို့ရောက်ရှိပြီး ပေါင်းလောင်းရေ လှောင်တမံရေပိုလွှဲရေကျော်နေမှုအခြေအနေ၊ တမံအတွင်းရေဝင်ရောက်မှု အခြေ အနေများနှင့် တမံကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပေါင်းလောင်းရေလှောင်တမံ ရှင်းလင်းဆောင်တွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန (တည်ဆောက်ရေး-၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပေါင်းလောင်းရေလှောင်တမံကြံ့ခိုင်မှုအခြေအနေ၊ တမံအတွင်းရေဝင်ရောက်မှု အခြေအနေများ၊ ရေပိုလွှဲ၏ ရေကျော်နိုင်မှု အမြင့်ပေသတ်မှတ်ထားရှိသည့် အခြေ အနေများနှင့် ရေပိုလွှဲကြံ့ခိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပေါင်းလောင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေ၊ ရေပိုလွှဲ၏ ရေကျော်နိုင်မှုအခြေအနေများကို အမြဲမပြတ်စောင်ကြည့်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် အဖွဲ့သည်  ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအနီး ပေါင်းလောင်းရေလွှဲဆည် ရေထိန်းတံခါးရေကျော်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရေပိုလွှဲမှရေများထုတ်လွှတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများ အနေဖြင့် ရေထိန်းတံခါး ရေကျော်အမှတ်များအား အချိန်နှင့်တစ်ပြေးညီ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်အဖွဲ့သည်  ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာအနီး ငလိုက်ချောင်းနှင့် ဆင်သေချောင်းဆုံရာ ညောင်ပင်သာတံတားသို့ ရောက်ရှိပြီး တံတားကြံ့ခိုင်မှု အခြေအနေများနှင့် ချောင်းအတွင်း ရေစီးဆင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)