ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

 






ရွှေတောင် ၊  သြဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ ယမန်နေ့  နေ့လယ်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

      အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊ထန်းကုန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာနေ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးစိုးလွင်ဦး၏ အသားတိုးဝက် ( ၈၀) ကောင် မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ၊ ဇယ်မကျေးရွာအုပ်စု၊ စိုက်ပျိုးရေးရွာသစ်ကျေးရွာနေ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးယုလွင်၏ အသားတိုးကြက် ( ၂၀၀၀) ကောင် မွေးမြူထားရှိမှုအခြေအနေများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ခေတ္တရာပန်းရွှေပြည်ကုမ္မဏီမှ ဆောင်ရွက်ခဲ့သည့် ကသဲတန်းလမ်း ၊ Box Culvert( ၁) ခုနှင့် လမ်းဘေးအုတ်ရေမြောင်း ( ၁၀၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)