ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေများအား ကွင်းဆင်းစစ်ဆေး

 



ပေါင်၊ ဩဂုတ်  ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လယ်မြေများအား  ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာများသို့သွားရောက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှူစစ်ဆေးရာတွင် သထုံခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သင်းသင်းဆင့်၊ သထုံခရိုင်မြေစာရင်း ဦးစီးဌာန မှ ဦးကျော်အောင် ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးကျော်စွာလှိုင် ၊ မြို့နယ် မြေစာရင်းဦးစီးဌာနဦးစီးမှူး ဦးသန်းညွန့်ဦး တို့သည် ရေကြီးနစ်မြှပ်မှုကြောင့် ပျက်စီးသွားသောစပါးပင်များအားကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ တောင်သူနည်းပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်ခဲ့သည့် လက်ပံတောကျေးရွာ၊မုတ္တမကျေးရွာ၊မှော်ဘီကျေးရွာ၊နတ်မှော် ကျေးရွာ စသည့် ကျေးရွာ ( ၄ ) ရွာရှိ ရေကြီးနစ်မြှပ်ဧရိယာ  (၁၂၃၂၆) ဧက ၊ရေကြီးနစ်မြုပ်ပြီးပြန်လည်ပေါ်လာသည့် ဧက (၁၂၃၂၆) ဧက တွင်  ထိခိုက်ပျက်စီးဧက ( ၂၄၅၆)ဧက ၊ပျက်စီးသွားသည့်ဧက (၁၄၁၆)ဧက ရှိကြောင်းသိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)