အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်


နေပြည်တော်၊ ဩဂုတ် ၂၈

အဆင့်မြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်း (LAC)၊ ပထမထပ်သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းနှင့် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအသိပညာပြန့်ပွားရေးမှာ တရားဥပဒေစိုးမိုးရေးအတွက် အညွှန်းကိန်းတစ်ခုဖြစ်ပါကြောင်း၊ လူတိုင်းလူတိုင်းတွင် ဥပဒေအသိပညာ ရှိသင့်သည်ဟူသော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရလည်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

ယခုသင်တန်း၏ရည်ရွယ်ချက်မှာ ဥပဒေအသိပညာပြန့်ပွားရေးအတွက် သက်ဆိုင်ရာဌာနများတွင် အရာထမ်းဝန်ထမ်းများကို ဥပဒေအသိပညာရှိစေရန် လုပ်ဆောင်ရမည်ဟု လမ်းညွှန်ချက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းများကမိမိတို့ထံမှဆရာများကို ဟောပြောပို့ချပေးရန် တောင်းဆိုသည့်အခါတွင် မိမိတို့အနေဖြင့် ပင်မလုပ်ငန်းများအပြင် သင်တန်းပေးခြင်းကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေပါကြောင်း၊ ယခုသင်တန်းတွင် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးအဆင့်များကို ပို့ချနေခြင်းမှာ Training for Trainer ဖြစ်ပြီး မိမိဌာနတွင်ဆင့်ပွားသင်တန်းပေးနိုင်ရန် ရည်ရွယ်ပါကြောင်း။

ယခုသင်တန်းမှာ ရက်ပေါင်း ၄၀ စာသင်ချိန်တစ်ချိန်လျှင် မိနစ် ၅၀ အချိန် ၈၀ သင်တန်းပေးမည်ဖြစ်ပြီး Case Study၊ သင်တန်း ဝင်ဆန်းစစ်ချက်နှင့် သင်တန်းဆင်းဆန်းစစ်ချက်များ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသိသင့်သိထိုက်သည့် မူကြမ်းရေးဆွဲခြင်း ဘာသာရပ်၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်၊ တရားမဆိုင်ရာဘာသာရပ်၊ အထွေထွေဥပဒေအကြံပေး ဘာသာရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေများအပြင် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်နေသောလုပ်ငန်းများအကြောင်းကို ဥပဒေရေးရာဝန်ကြီးဌာနမှ အတွေ့အကြုံရင့်ကျက်သည့် ဆရာဆရာမများက ဖြန့်ဝေပေးမည်ဖြစ်ပါကြောင်း။

သင်တန်းသား သင်တန်းသူအရာရှိကြီးများအနေဖြင့် သင်တန်းမှရရှိသော ဗဟုသုတများကို မိမိအတွက်သော်လည်းကောင်း၊ မိမိဌာနအတွက်သော်လည်းကောင်း၊ မိမိနိုင်ငံအတွက်သော်လည်းကောင်း ကောင်းစွာအသုံးချစေလိုပါကြောင်း ပြောကြားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)