ကျိုက်ထိုမြို့နယ်တွင် ပရဟိတကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ အလှူငွေများထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ပရဟိတကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ အလှူငွေများထောက်ပံ့လှူဒါန်း


ကျိုက်ထို၊ ဩဂုတ် ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပရဟိတကျောင်းနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ အလှူငွေများထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတောင်ပရဟိကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းသို့လှူဒါန်းရခြင်းမှာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏သာမန်အသုံးစရိတ်ရန်ပုံငွေမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ်အဖြစ်ကျိုက်ထိုမြို့နယ်ရှိ ပရဟိတကျောင်း(၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၉၀၉)ဦး၊ ပညာသင်ကြားရာတွင် အခက်အခဲမရှိစေရန်‌ ငွေကျပ်(၉၇၁၃၅၀၅)ကျပ်ကို မွန်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီမှ လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ သက်ဆိုင်ရာဆရာတော်သံဃာတော်များကြွရောက်ချီးမြှင့်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်၊ အဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမိုးကျော်သူတို့က တက်ရောက်လှူ‌ဒါန်းပေးခဲ့ကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)