မြစ်သားမြို့နယ် ရွာသစ်ကျေးရွာတွင် ရွေဖလားမျိုးကြက်သွန်နီ ပျိုးထောင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ် ရွာသစ်ကျေးရွာတွင် ရွေဖလားမျိုးကြက်သွန်နီ ပျိုးထောင်စိုက်ပျိုး




မြစ်သား  ၊  သြဂုတ် ၉   


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ရွာသစ်ကျေးရွာ ကွင်းအမှတ်(၄၄၂)၊ မြစ်ဆုံလေးကွင်း၌ တောင်သူဦးဇော်နိုင်စိုက်ပျိုးထားသော ရွေဖလားမျိုးကြက်သွန်နီပျိုးထောင် စိုက်ခင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


ကြက်သွန်နီသီးနှံစိုက်ပျိုးရာတွင် သွင်းအားစုများပြီး ကုန်ကျစရိတ်ကြီးမားကြောင်း၊ ကြက်သွန်နီ တစ်ဧကစိုက်ပျိုးရာတွင် မျိုးစေ့(၃)ပြည်ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ပျိုးပင်သက်တမ်း(၃၀) ရက်မှ (၄၅)ရက်တွင်ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်မှာမျိုးစေ့တန်ဘိုး၊ ပျိုးနှုတ်ခြင်း၊ ပြောင်းရွှေ့စိုက်ပျိုးခြင်း၊ မြေပြင်ခြင်း၊ ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေး၊ မြေသြဇာနှင့်တူးဖော်သိမ်းဆည်းခြင်း စသည့်ကုန်ကျစရိတ်တစ်ဧက ငွေကျပ် (၂၅)သိန်းမှ (၃၀)သိန်းအထိ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။


ကြက်သွန်နီသီးနှံသည် စိုက်ပျိုးပြီး(၄)လခွဲအကြာတွင် တူးဖော်ရောင်းချနိုင်ကြောင်း၊ ရသီဉတု ကောင်းမွန်ပြီး အပင်အပြုစုကောင်းပါက မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကလျှင် ကုန်ချိန်(၂၅၀၀)ပိဿာမှ (၃၀၀၀) ပိဿာအထိ ထွက်ရှိကြောင်း၊ ကြက်သွန်နီတစ်ပိဿာငွေကျပ်(၂၅၀၀/-)ရောင်းချရကြောင်း တောင်သူ ဦးဇော်နိုင်ထံမှသိရသည်။


ဝါဝါမြင့်(မြစ်သား)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)