ရွှေတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး လှုပ်ရှားမှုများပြုလုပ်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး လှုပ်ရှားမှုများပြုလုပ်ဆောင်ရွက်

21

22

23


ရွှေတောင် ၊  သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများတွင်ကျောင်းကျန်းမာရေး လှုပ်ရှားမှုများပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကြာနီကန်ရပ်ကွက်၊အမက ကူကြီးကျောင်းတွင်ဆောင်ရွက်ခဲ့သည်။

      ထိုသို့ ကျောင်းကျန်းမာရေး လှုပ်ရှားမှုများပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ကြီးကြပ်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးနေ့စားဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူ လေးများအား ခန္ဓာကိုယ် ကြီးထွားရေး၊ ဥာဏ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်အလေးချိန် တိုင်းတာခြင်း ၊အရပ်တိုင်းတာခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရအုပ်စု (၃) အုပ်စုအကြောင်း၊ မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါအကြောင်း၊ ဝမ်းပျက်ဝမ်းရောဂါအကြောင်း   နှင့် သွားနှင့်ခံတွင်း ရောဂါများအကြောင်းတို့ကို ဟောပြောခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages