ကန့်ဘလူမြို့၌ ဆန်၊ စားအုန်းဆီနှင့်ကြက်သွန်နီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ ဆန်၊ စားအုန်းဆီနှင့်ကြက်သွန်နီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး




ကန့်ဘလူ၊ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည် သူများ နေ့စဥ်လူမှုဘဝစားသောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ် (၃) ရပ်ကွက် တပင်ရွှေထီးဘမ်းဘေး (ဇဗ္ဗူထွန်းရွှေဆိုင်ရှေ့) ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျင် ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်၊ စားအုန်းဆီ ၅၀ ကျပ်သားလျှင် ၃၄၅၀ နှုန်းနှင့်ကြက်သွန်နီ တစ်ပိဿာ ၁၇၀၀ ကျပ်နှုန်းတို့ဖြင့် ပြင်ပပေါက်စျေးထက် သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စားသောက်ကုန်များကို မြို့ပေါ်ရပ်ကွက် (၁/ ၂/ ၃/ ၄/ ၅) ရပ်ကွက်များတွင် ရောင်း ချပေးလျက်ရှိကြောင်းနှင့် ပြည်သူများလွယ်ကူစွာဝယ်ယူနိုင်ရေး နေ့စဥ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း (ကန့်ဘလူ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)