ကျောက်ဆည်မြို့နယ်တွင် သင်္ဘောသီးနှံ ဈေးကောင်းသဖြင့် စိုက်ပျိုးသူများအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် သင်္ဘောသီးနှံ ဈေးကောင်းသဖြင့် စိုက်ပျိုးသူများအဆင်ပြေ

 



ကျောက်ဆည် ၊ ဩဂုတ် ၂၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လယ်မြေများတွင် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြပြီး ယာမြေများတွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံနှင့်၊ ဝါဂွမ်းများကို စီမံကိန်း သီးနှံအဖြစ် စိုက်ပျိုးကြပြီး တောင်သူအချို့သည့် အခြားဝင်ငွေရသီးနှံများလည်း စိုက်ပျိုးကြရာ သင်္ဘောသီးနှံဈေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


အနောက်ငါးဆူကျေးရွာမှ ပြည်သူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် မြေအောက်ရေနှင့် မြစ်ရေများကိုသာ အဓိထားပြီး လုပ်ကိုင်ရသဖြင့် ယာသီးနှံများဖြစ်သည့် ငရုပ်၊ ကြက်သွန်၊ ငှက်ပျော၊ ဖူးစားပြောင်း၊ နေကြာ၊ သင်္ဘောနှင့် ကာလတို ဟင်းသီး/ဟင်းရွက်သီးနှံများ အဓိကထား စိုက်ပျိုးကြကြောင်းနှင့် တောင်သူဦးမြင့်မောင်၏ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရွှေနီ(၁၆၈) သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ သင်္ဘောပင်များ စိုက်ပျိုးရာတွင် အပင်သေပျောက်မှု မရှိစေရန်အတွက် ပျိုးထောင်ပြီး သန်မာသည့် ပျိုးပင်များ ရွေးချယ်ကာ နေရောင်ခြည်ကောင်းစွာ ရှိစေရန်နှင့် လေအဝင်အထွက် ကောင်းမွန်စေရန်အတွက် မြေဘောင်များ ပြုလုပ်၍ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၁၆)ပေအကွာ စိုက်ပျိုးကြကြောင်း၊ မြေအနေအထားနှင့် ရာသီဥတုအနေအထားအလိုက် အပင်အကွာအဝေး စိုက်ပျိုးမှသာ သီးလုံးများ သန်မာထွားကြိုင်ပြီးလှပကြောင်းနှင့် လိုအပ်သည့် အချိန်များတွင် ပိုးနှင်ဆေးနှင့် ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်းနှင့် ရာသီဥတု အခြေအနေအပေါ်တွင် မူတည်၍ ရေသွင်းပေးခြင်း၊ မြေဩဇာ ကျွေးပေးခြင်းများလည်း ပြုလုပ်ပေးရကြောင်း တောင်သူဦးမြင့်မောင်က ပြောပြ၍ သိရသည်။


သင်္ဘောသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင် စီးပွားဖြစ် စိုက်ပျိုးနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပြီး အပင် သက်တမ်း(၆)လအရောက်တွင် ရောင်းတန်းဝင် သင်္ဘာသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရေမြေကောင်းပြီး ရာသီဥတုနှင့် အပင်အပြုအစု ကောင်းပါက ခူးဆွတ်ရောင်းချချိန်(၈)လခန့်အထိ ခူးဆွတ်ရကြောင်းနှင့် ရောင်းချသည့်အခါ ပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ပြီး စိုက်ခင်း၏ သီးလုံးအနေအထားနှင့် အပင်အနေအထားများကို ကြည့်ရှု၍ ကာလပေါက်ဈေးသတ်မှတ်ပြီး အရောင်းအဝယ်စာချုပ် ပြုလုပ်၍ ဝယ်ယူကြကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)