မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ်သိန်း ၅,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ်သိန်း ၅,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု


နေပြည်တော်၊ ဩဂုတ် ၃၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းလာရောက် ထုတ်ယူသူ စိုးတင့်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ လက်ခံမည့်သူ စိုင်းခမ်းတီအား အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ကံထူးတင်သိန်းအား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၄,၉၀၀ ပြား၊ Happy-5 ဆေးပြား ၃၈၀ ပြား၊ ကက်တမင်း ၉၅၀ ဂရမ်၊ TOYOTA FIELDER မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ ယူဆောင်ခိုင်းသူ အောင်ဘုန်းမြတ်အား တောင်ဥက္ကလာပမြို့နယ်၊ (၁၁) ရပ်ကွက်၊ မေတ္တာလမ်းရှိ ၎င်း၏နေအိမ်တွင် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ တောင့်နှင့်လည်းကောင်း၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် စိတ်ပြောင်းဆေးဝါးများအား လူမဲ့တန်ဆာဖြင့် ပို့ဆောင်ပေးသူ မဝါဝါလွင်(ခ)စန္ဒာအား ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ၊ ရပ်ကွက်(၁)တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၅,၅၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂ ဒသမ ၄၅ ကီလို၊ အက်တက်စီဆေးပြား ၄,၉၀၀ ပြား၊ Happy-5 ဆေးပြား ၃၈၀ ပြား၊ ကက်တမင်း ၉၅၀ ဂရမ်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့သို့ သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)