နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်



နေပြည်တော်၊ ဩဂုတ် ၂၆

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့်  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ်လ ၂၃ ရက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရုံးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဉက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)၊(၂)၊(၃)၊(၄)  တို့မှ ဝန်ထမ်းမိသားစုများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် မိသားစုများ၊ ဗမာလူငယ်များအစည်းအရုံး၊ သီရိခေထရာဖောင်ဒေးရှင်း ဝန်ထမ်းမိသားစုများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြု ပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကော်စီဉက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်စီဉက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်စီဉက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့်  စေတနာရှင်အလှူရှင်များ၊  နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဉက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)၊(၂)၊(၃)၊(၄) တို့မှ ဝန်ထမ်းမိသားစုများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့် ငွေကျပ် တစ်ရာလေးဆယ့်ငါးသိန်းခြောက်သောင်းတစ်ထောင့်တစ်ရာ နှင့် ငွေကျပ်တစ်ရာ ခြောက်ဆယ့်ကိုးသိန်းကိုးသောင်းခုနှစ်ထောင် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို   တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်ကြရာ တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။ ထို့နောက် အလှူရှင်များက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)