ကျိုက်မရော၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ၊ ပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရော၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ၊ ပညာပေးဟောပြောပွဲကျင်းပ



ကျိုက်မရော ၊ သြဂုတ် ၂၉


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.ကခွဲ(ကျိုက်မရော)ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးနော်ခမ်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအချက်များကို ပညာပေးဟောပြောရာ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ငယ်စဥ်ကပင် သိရှိလိုက်နာကြရန် အထူးအရေးကြီးကြောင်း မိမိတို့အတွက် အသက်အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုစိုက်၍ လိုက်နာရန်လိုအပ်ကြောင်း၊ ယာဥ်အန္တရာယ်ကင်းရှင်းစွာ စက်ဘီး၊ ဆိုင်ကယ်၊ ကားစသည်တို့အား မောင်းနှင်နိုင်ရေးအတွက်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများကို ရုပ်ပုံကားချပ်များ၊ နံရံကပ်စာစောင်များ၊ Power Point များဖြင့်ပြသ၍ ဟောပြောခဲ့ကြောင်းသိရသည်။ ဟောပြောပွဲသို့ အ.ထ.က.(ခွဲ)ကျိုက်မရောကျောင်းမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်းအင်အား(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)