ပုသိမ်ကြီးမြို့နယ်၊ ဖယောင်းတောင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၇ ဦး သေဆုံးဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်၊ ဖယောင်းတောင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၇ ဦး သေဆုံးဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ


နေပြည်တော်၊ ဩဂုတ် ၈

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဖယောင်းတောင်ရွာကို ဩဂုတ်လ ၆ ရက်နေ့ ညပိုင်းတွင် စစ်တပ်ကလေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး(Counter- Terrorism Operation)ကို ဆောင်ရွက်နေသည့်ကာလတွင် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့မှုများဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့်နေရာကိုသာ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအား Drop Bomb များ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ကို ပြည်သူများ အသိပင်ဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများ၏ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သေဆုံးခဲ့ရသည်ကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက နိုင်ငံတကာမှ တပ်မတော်အပေါ် သတင်းအမြင်လွဲမှားစေရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လူမှုကွန်ရက်မှတဆင့် သတင်းမှားများကို ဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)