မစ္စမာကျားအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မစ္စမာကျားအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ



နေပြည်တော်၊ ဩဂုတ် ၁၂

မစ္စမာကျားအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

မစ္စ မာကျားသည် ၁၉၆၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ယုံးဂျီမြို့ ရှန်ရှီးပြည်နယ်တွင်မွေးဖွားခဲ့ပြီး တက္ကသိုလ်ဘွဲ့ရတစ်ဦး ဖြစ်ပါသည်။ ၎င်းသည် ၁၉၉၁ ခုနှစ်မှ စတင်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် စတင်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နှင့် ပြည်ပရှိ တရုတ် သံရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်များထမ်းဆောင်ခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနတွင် သံအရာရှိနှင့် တတိယအတွင်းဝန်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ် အထိလည်းကောင်း၊ တတိယအတွင်းဝန်နှင့် ဒုတိယအတွင်းဝန်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိလည်းကောင်း အသီးသီး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဂျပန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ စင်ကာပူနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ် အထိ ဗြိတိန်နိုင်ငံနှင့် မြောက်အိုင်ယာလန်နိုင်ငံ အခြေစိုက်တရုတ် သံရုံးတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးနှင့် သံမှူးကြီးအဖြစ် လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံဟိုင်နန်ပြည်နယ် စန်းရှမြို့တွင် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ယနေ့အထိ အိန္ဒိယနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)