သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၃/၂၀၂၄ ပညာသင်နှစ် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် ဌာနပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၃/၂၀၂၄ ပညာသင်နှစ် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် ဌာနပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲ အခမ်းအနားကျင်းပ





သဲကုန်း ၊  သြဂုတ် ၁၂


ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၃/၂၀၂၄ ပညာသင်နှစ် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် ဌာနပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သီတဂူသဒ္ဓမ္မဇောတိကကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။


 ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သီတဂူတပ်အလယ်ကျောင်း ပဓာနနာယကဆရာတော် ဦးနန္ဒမာလာထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက (၉)ပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက သာသနာတော်ဆိုင်ရာများ လျှောက်ထားတင်ပြသည်။


ဆက်လက်၍ ၂၀၂၃/၂၀၂၄ စာသင်နှစ်တွင် ဖြေဆိုအောင်မြင်ခဲ့သော အခြေပြုမူလတန်းအောင် (၈)ပါး၊ ပထမငယ်တန်းအောင်သံဃာတော် (၆) ပါး၊ ဓမ္မစရိယတန်းအောင် သံဃာတော် (၆) ပါး၊ ဝိနယဝိဒူနိကာယ်ကျမ်းအောင်(၅)ပါးနှင့် သင်ကြားရေးဆရာတော်(၃)ပါးတို့အား ဂုဏ်ပြုဆုငွေများ ပူဇော်ဆက်ကပ်၍ နာယကဆရာတော်နှင့် သံဃာတော်(၄၇)ပါးတို့အား ဝါဆိုသင်္ကန်းစသည့်လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် သီတဂူတပ်အလယ်ကျောင်း ပဓာနနာယကဆရာတော် ဦးနန္ဒမာလာထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှအတမ်းပေးဝေးကာ သီတဂူအဓိဌာန်သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်း၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)