ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာပြီး ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းမြစ်ကူးတံတားပေါ်၌ မြစ်ရေ ၁ ပေခန့် ကျော်တက်စီးဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာပြီး ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းမြစ်ကူးတံတားပေါ်၌ မြစ်ရေ ၁ ပေခန့် ကျော်တက်စီးဆင်း



ဇေယျာသီရိ၊ ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာပြီး ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းမြစ်ကူးတံတားပေါ်၌ မြစ်ရေ ၁ ပေခန့် ကျော်တက်စီးဆင်းလျက်ရှိကြောင်း ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းမြစ်ကူးတံတားပေါ်၌ မြစ်ရေ ၁ ပေခန့် ကျော်တက်စီးဆင်းလျက်ရှိရာ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဌေးမောင်နှင့် တာဝန်ရှိသူများ၊ ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ဒေသခံပြည်သူများက မြစ်အတွင်း ရေစီးနှင့်အတူ မျောပါလာသည့် အမှိုက်များ၊ သစ်တိုသစ်စများအား အများပြည်သူ သွားလာရန် အဆင်ပြေစေရေးအတွက် ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်းနှင့် ကျည်တောင်နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများမှလည်း မြစ်အတွင်း ရေနစ်သေဆုံးမှုမရှိစေရေးအတွက် speed boat ဖြင့် မြစ်ကမ်းတစ်လျှောက် လှည့်လည်ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)