စမ်းချောင်းမြို့နယ်တွင် ၀မ်းပျက်၀မ်း‌‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် ၀မ်းပျက်၀မ်း‌‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းဆောင်ရွက်




စမ်းချောင်း  ၊ ဩဂုတ် ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မိုးရာသီကာလ ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် ဝေဠုန်၀န်(တောင်)ရပ်ကွက်အတွင်း ပြင်းထန်ဝမ်းပျက်၀မ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ထုံးဖြူးခြင်း၊ water tab များပေးဝေခြင်း၊ လက်ကမ်းစာ‌ဆောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၀န်ထမ်းများ၊ ကျန်းမာ‌ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့်ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဖြူသွယ်ထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)