မှော်ဘီမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဆက်လက်ဆောင်ရွက်

 




မှော်ဘီ၊ ​ဩဂုတ်  ၉


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီ မြို့နယ်တွင်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်၉နာရီက မှော်ဘီ​မြို့နယ်ညောင်ပင်သာယာကုန်းရှိအိမ်များ၊ကျောင်းများ၊ရပ်ကွက်၊ကျေးရွာများ၊စက်ရုံများအတွင်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ ဝမ်းပျက်ဝမ်းလျှော ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့်  အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲခြင်း၊လက်ကိုင်စပီကာများဖြင့်ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်း၊ရေတွင်း၊ ရေလှောင်ကန်များတွင်ကလိုရင်းဆေးခတ်ပေးခြင်း၊အိမ်ပတ်ဝန်းကျင်များတွင်ထုံးဖြူးပေးခြင်း၊သောက်သုံးရေများတွင်ရေသန့်စင်ဆေးပြားခတ်ပေးခြင်း များကိုမှော်ဘီမြို့နယ်​ညောင်ပင်သာယာကုန်းရှိအိမ်​ခြေ(၆၉)အိမ်၊လူဉီးရေ(၂၆၄)ဦး၊ရေထွက်ပင်ရင်း (၇၂)ခု၊တုံကင်တွင်း(၄)ခု၊အိမ်သာ(၈၀)လုံး၊Watertag-၇၂ကဒ်၊Chlorin-၁၀၀၀-gတို့ကိုမှော်ဘီမြို့နယ်ရပ်ကွက်ကျေးရွာများအတွင်းဆောင်ရွက်ခဲ့သည်။


ဆောင်ရွက်ရာတွင်မှော်ဘီမြို့နယ်ကျန်းမာရေးဉီးစီးဌာနမှူးဒေါက်တာစောမြထွန်းနှင့်ကျန်းမာရေးဝန်ထမ်း(၄)ဦး၊မြောင်းတကာမှကျန်းမာရေးဝန်ထမ်း(၁၁) ဦး၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့(၅)ဦး၊မေတ္တာရောင်ပြန်လူမှုရေးအဖွဲ့မှ(၆)ဦး၊ကြက်ခြေနီအဖွဲ့(၃)ဦး၊Volunter(၆)ဦးတို့မှပူးပေါင်းပါဝင်၍ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)