ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းစီမံကိန်းများ စနစ်တကျ အောင်မြင်စွာ လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းစီမံကိန်းများ စနစ်တကျ အောင်မြင်စွာ လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့



မြစ်ကြီးနား၊ ဩဂုတ် ၂

ကချင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ရင်းနှီးမတည်ပေးခဲ့သည့် ငွေကျပ် ၈ ဘီလီယံကို ပြည်နယ်အတွင်းရှိ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နိုင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းကို ပထမနှစ် စက်ဝန်းအောင်မြင်အောင် လည်ပတ်နိုင်သကဲ့သို့ ကြိုးစားဆောင်ရွက်ရန် အလေးထားမှာကြားလိုပါ ကြောင်း၊ ယခု ဒုတိယနှစ်စက်ဝန်းသည် ပထမနှစ်စက်ဝန်းထက် ဒေသတွင်း အခြေအနေအရ အခက် အခဲ ကြုံတွေ့နိုင်မည်ဖြစ်သော်လည်း တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတက်ရေးနှင့် ကုန်ထုတ်လုပ် မှုများ တိုးတက်မြင့်မားလာစေရေးကို များစွာအထောက်အကူပြုသည့်အတွက် မိမိတို့အနေဖြင့် အရှိန် အဟုန်မပြတ် စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် လက်စွဲစာအုပ်ပါ လုပ်ထုံးလုပ်နည်း နှင့်အညီ ငွေကြေးများ စီမံခန့်ခွဲရာတွင် စနစ်တကျ မှန်ကန်စွာ စာရင်းပြုစု၍ စာရင်းစစ်ဆေးမှုခံယူနိုင် အောင် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဒုတိယနှစ် စက်ဝန်းဖြင့် ရန်ပုံငွေ သိန်း ၇၀၀၀ ကျော် ထုတ်ချေးပေးထားသည့် လုပ်ငန်းစီမံကိန်းများနှင့် လက်ကျန်ရန်ပုံငွေ ထပ်မံ ချထားပေးရမည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြရာ လုပ်ငန်းစီမံကိန်းများအလိုက် တာဝန် ယူဆောင်ရွက်လျက်ရှိသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း နှင့် သမဝါယမအသင်းစု လုပ်ငန်းများအလိုက် ချေးငွေများ ထုတ်ချေးဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ပူတာအိုဒေသအတွင်း ထပ်မံရင်းနှီးမတည်ပေးရန် လျာထားတင်ပြလာသည့် လုပ်ငန်းစီမံကိန်း များကို အသီးသီးတင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက လက်စွဲစာအုပ်ပါ အချက်များနှင့်အညီ ငွေကြေးဆိုင်ရာများ စနစ်တကျ ရင်းနှီးမတည်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြလာသည့် လုပ်ငန်းစီမံကိန်းများအလိုက် ချေးငွေများ လုပ်ထုံးလုပ်နည်းနှင့်အညီ ချထားပေးနိုင်ရေးနှင့် ကျန်ရှိသည့် ရန်ပုံငွေများ အမြန်ဆုံး စနစ်တကျ ချထားပေးနိုင်ရေး လိုအပ်သည်များကို ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တပ်လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစား သောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ အခမ်းအနားတွင် ဆန်၊ ဆီ၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်များကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေ ဖြင့် အလျဉ်းသင့်သလို ဝန်ထမ်းများအားထောက်ပံ့ပေးအပ်နိုင်ခဲ့သည့်အတွက်ဝမ်းမြောက်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နေ့/ည ကြိုးစားတာဝန်ထမ်းဆောင်ရသည့်အတွက် အသိအမှတ်ပြုခြင်းဖြစ်ပါ ကြောင်း၊ နောက်နောင် ယခုထက် ပိုမိုထောက်ပံ့နိုင်ရေး မိမိတို့အနေဖြင့် ကြိုးစားဆောင်ရွက်ပေးသွား မည်ဖြစ်သကဲ့သို့ ဝန်ထမ်းအချင်းချင်း လုပ်ငန်းခွင်အတွင်း စိတ်ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင် ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအားပေး ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်၊ တာဝန်ရှိသူများက ပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စုစုပေါင်းဝန်ထမ်း (၄၂၇)ဦးတို့အတွက် ငွေကျပ် (၂၅၉၆၁၆၀၀)တန်ဖိုးရှိ ဆန် (၆)ပြည် အိတ် (၄၂၇) အိတ်၊ ဆီ (၁) ပိဿာစီ၊ ကြက်သွန်နီ (၁)ပိဿာ၊ ကုလားပဲ (၁)ပိဿာစီနှင့် ကြက်ဥ (၃၀)လုံးစီတို့ကို အသီးသီး ထောက်ပံ့ပေးအပ်ကြရာ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအနေဖြင့် အားကျိုးမာန်တက် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ကြိုးစားလုပ်ကိုင်ဆောင်ရွက်နေမှုကို အသိ အမှတ်ပြုသည့်အနေဖြင့် ယခုလို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ ဌာနခွဲ၊ ဌာနစိတ်များမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းစုစုပေါင်း (၂၁၁)ဦး တို့အတွက် တန်ဖိုးငွေကျပ် (၁၂၈၂၈၈၀၀)တန်ဖိုးရှိ ဆန် (၆)ပြည်အိတ် (၂၁၁)အိတ်၊ စားသုံးဆီ၊ ကုလားပဲ၊ ကြက်သွန်နီ (၁)ပိဿာစီနှင့် ကြက်ဥ (၃၀)လုံး စီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာ ရေးအဖွဲ့ ဝန်ထမ်းများအား နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)