ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ (၂၄)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်းဆုရှင်များအား ဆုများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ (၂၄)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်းဆုရှင်များအား ဆုများပေးအပ်




ထန်းတပင်  (ရန်ကုန်)  ၊ ဩဂုတ် ၁၆


ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ (၂၄)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အသုံးချလူမှုနှင့်သဘာဝသိပ္ပံဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲကို ဩဂုတ်လ(၁၄)ရက်နေ့မှ ဩဂုတ်လ(၁၅)ရက်နေ့အထိ နှစ်ရက်ကြာ အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြပြီး ယမန်နေ့ မွန်းလွဲပိုင်းကစာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်းဆုရရှိခဲ့ကြသည့် စာတမ်းဆုရှင်များအား ဆုများပေးအပ်ပွဲအခမ်းအနားကို ပင်မဆောင်ခန်းမ၌ကျင်းပပြုလုပ်သည်။

ဆုပေးပွဲအခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ပြီး စာတမ်းဖတ်ပွဲတွင်ဆုရရှိခဲ့ကြသည့် ဝိဇ္ဇာဘာသာရပ်မှအကောင်းဆုံးစာတမ်းဆုတစ်ဆု၊ သိပ္ပံဘာသာရပ်မှအကောင်းဆုံးစာတမ်းဆုတစ်ဆုနှင့် ကျောင်းသား၊ ကျောင်းသူများ ဖတ်ကြားသည့်စာတမ်းများမှ Young Scientist Award တစ်ဆုတို့ကို ပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦးက ဆုရစာတမ်းရှင်များကိုပေးအပ်သည်။

ဆက်လက်၍ ဝိဇ္ဇာဘာသာရပ်နှစ်သိမ့်ဆုနှစ်ဆု၊ သိပ္ပံဘာသာရပ်နှစ်သိမ့် ဆုနှစ်ဆုနှင့်စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများကဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရပြီး စာတမ်းဖတ်ပွဲသို့ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှတင်သွင်းသည့် စာတမ်း(၅၆)စောင်နှင့်အခြားတက္ကသိုလ်များမှ တင်သွင်းသည့်စာတမ်း(၂၃)စောင် စာတမ်းစုစုပေါင်း(၇၉)ခုကို ဖတ်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)