လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) မှ စားနပ်ရိက္ခာများ သွားရောက် ကူညီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) မှ စားနပ်ရိက္ခာများ သွားရောက် ကူညီ




မန္တလေး၊ သြဂုတ် ၁၃

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) မှ ဆရာတော်များသည် မန္တလေး၊ အမရပူရမြို့နယ်ရှိ ကင်းစခန်း ၅-နေရာကို တာဝန်ယူစောင့်ကြပ်ရင်း၊ ရှေ့တန်းစစ်မျက်နှာကိုလည်း ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ပို့လွှတ်လျက်ရှိသော အမရပူရမြိုနယ်တာဝန်ခံ ဦးခင်မောင်ကျော် ဦးစီးသည့် ပြည့်သူ့စစ်အဖွဲ့အား ဆန် ၇-အိတ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များကို အသုံးပြုရန် ငွေများ ယနေ့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဆရာတော်များက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်ကင်း ပရိတ်ကြိုးများကို အဆောင်အဖြစ် ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်များကို ဩဝါဒ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)