ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးစပါး ၃၃၁၅၅ ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးစပါး ၃၃၁၅၅ ဧက စိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ၊  ဩဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရန် ၄၆၇၅၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ မိုးစပါး ၃၃၁၅၅ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးစပါး စိုက်ပျိုးဧကပြည့်မီကျော်လွန်အောင် စိုက်ပျိုးမည်ဖြစ်ပြီး၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးကြပြီး၊ တောင်သူများအနေဖြင့် ရတနာတိုး၊ မှော်ဘီ(၂)၊ ရက်(၉၀)နှင့် ထိုင်းနှံ‌ကောက်မျိုးစပါးများကို အများဆုံးစိုက်ပျိုးကြသည်။ မိုးစပါးစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် အစေ့ချစိုက်ပျိုးခြင်းများကို နေရာဒေသအလိုက်အမျိုးမျိုးစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် Drum Seeder (မျိုးစေ့ချကိရိယာ)ဖြင့် ၂၂၉၇၇ ဧက၊ ပျိုးထောင်စိုက်ပျိုးနည်းဖြင့် ၉၈၅၄ ဧကနှင့် ကောက်စိုက်စက်ဖြင့် ၃၂၄ ဧက၊ စုစုပေါင်းစိုက်ပျိုးဧက ၃၃၁၅၅ ကို တောင်သူများ၏ လယ်‌မြေများတွင် စိုက်ပျိုးထားရှိပြီးဖြစ်သည်။ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးနှင့် အချိန်မီစိုက်ပျိုးပြီးစီးနိုင်‌ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်အဖွဲ့များနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကျေးရွာတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး၊ ကျန်ရှိသည့် မိုးစပါးစိုက်ဧကများကို ဩဂုတ်လ ၁၅ ရက်နေ့အပြီး စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)