အာရှကာယဗလနှင့် ကာယကြံခိုင်မှု အားကစားပြိုင်တွင် ရွှေနှစ်ခု၊ ငွေနှစ်ခု ဆွတ်ခူးရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်၌ ပြည်သူများ သောင်းသောင်းဖျဖျကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာရှကာယဗလနှင့် ကာယကြံခိုင်မှု အားကစားပြိုင်တွင် ရွှေနှစ်ခု၊ ငွေနှစ်ခု ဆွတ်ခူးရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်၌ ပြည်သူများ သောင်းသောင်းဖျဖျကြိုဆို




ရန်ကုန်၊ သြဂုတ် ၁၄

အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်ကျွန်းတွင် သြဂုတ်လ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် (၅၆)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်း (အုပ်ချုပ်သူ)ဦးဆောင်၍ (ဒိုင်)တစ်ဦး (နည်းပြ)တစ်ဦးနှင့် ကစားသမားခုနှစ်ဦး ပါဝင်သော အောင်ပွဲရ နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့သည် ယမန်နေ့ညနေ (၃) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တိုင်းဒေသကြီး ဝန်ကြီးများ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ ကျောင်းသား/ကျောင်းသူများ မိဘဆွေမျိုး မိတ်သဂ်ဟများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားအဖွဲ့အား တစ်ဦးချင်းလိုက်လံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

အဆိုပါ မြန်မာအားကစားအဖွဲ့တွင် ကာယဗလ (၇၅) ကီလိုတန်းပြိုင်ပွဲ၌ ရဲထွန်းနောင်က ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း Women's Model Physique up to 160 cm ပြိုင်ပွဲ၌ နီနီအောင်က ပထမရွှေတံဆိပ်ဆုကိုလည်းကောင်း ၊ Women's Athletic Physique up to 165 cm ပြိုင်ပွဲ၌ သဲ ဝါက ဒုတိယငွေတံဆိပ်ဆု ကိုလည်းကောင်း Men's Athletic Physique up to 182 cm ပြိုင်ပွဲ၌ ထက်လင်းကိုကိုက ဒုတိယ ငွေတံဆိပ်ဆုကိုလည်းကောင်း Men's Athletic Physique up to 175 cm ပြိုင်ပွဲတွင် ကိုကိုကျော်ဖြိုးက စတုတ္ထဆု ကာယဗလ ၈၅ ကိလိုတန်းပြိုင်ပွဲ၌ ဟိန်းထက်ကျော် နှင့် Men Sports Physique up to 170 cm ပြိုင်ပွဲ၌ သန်းထိုက်ဦးတို့က ပဉ္စမဆုအသီးသီးရရှိခဲ့ ကြသည်။

ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း (၂၂) နိုင်ငံမှ ကစားသမားပေါင်း(၂၀၀) ကျော် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ သိရသည်။


အောင်မြင့်

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)