ရေဘေးသင့်ပြည်သူများအတွက် ပေါင်းတည်မြို့မှ စားနပ်ရိက္ခာများ ပေးပို့ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဘေးသင့်ပြည်သူများအတွက် ပေါင်းတည်မြို့မှ စားနပ်ရိက္ခာများ ပေးပို့ကူညီဆောင်ရွက်လျက်ရှိ



ပေါင်းတည်၊ သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့က ပဲခူးမြို့အပါအ၀င် ဧရာဝတီနှင့် မြစ်မခမြစ် ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း မြို့နယ်အချို့ရှိ ရေဘးကယ်ဆယ်ရေးစခန်းများသို့ စားရေရိက္ခာများ ပေးပို့ကူညီရန် ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ကဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကူညီရန် စားရေရိက္ခာများ လှူဒါန်းလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့ကူညီရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပါအဝင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများသည် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ နေ့စဉ်မော်တော်ယာဉ်များဖြင့် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် ဆေးဝါးများ၊ ကျန်းမာရေးပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများ ပေးပို့ကူညီလျက်ရှိကြောင်းသိရသည်။


ရွှေသား 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)