(၅၇)နှစ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန တွင် အာဆီယံအလံလွှင့်ထူခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၇)နှစ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန တွင် အာဆီယံအလံလွှင့်ထူခြင်းအခမ်းအနား ကျင်းပ




ဟနွိုင်းမြို့၊ သြဂုတ် ၈

(၅၇)နှစ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အလံလွှင့်ထူခြင်းအခမ်းအနားကို ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၂၀၂၄ ခုနှစ်၊  သြဂုတ် ၈ ရက်နေ့၊ ၀၇:၃၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး      H.E. Mr. Nguyen Viet Dung မှ မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဟနွိုင်းမြို့ အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံမိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဗီယက်နမ်စက်မှုဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့် ဟနွိုင်းပြည်သူ့ကော်မတီဝင်များလည်း တက်ရောက် ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)