မော်လမြိုင်ကျွန်းမြို့နယ်၌ စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၌ စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

 




မော်လမြိုင်ကျွန်း ၊  ဩဂုတ် ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာတွင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် တည်ဆောက်မည့် စာကြည့်တိုက် အဆောက်အဦသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)အချိန်က အဆိုပါကျေးရွာ၊ စာကြည့်တိုက် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပသည်။


ရှေးဦးစွာ ကွမ်းခြံချောင်းကျေးရွာ ဣစ္ဆာသယသာသနာ့မဏ္ဍိုင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍဝနှင့် ဆရာတော်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများက ပရိတ်တရားတော်များနားယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍  အခမ်းအနားရုပ်သိမ်းခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်က စာကြည့်တိုက် ပေါ်ထွန်းလာပါက အသက်အရွယ်နှင့် ဆင်းရဲချမ်းသာမရွေး စာပေအသိဉာဏ် ဗဟုသုတများကို အခမဲ့ရရှိမည်ဖြစ်ကြောင်း၊ ယခုမြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် တည်ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်ကို ပြည်သူများက အားကြိုးမာန်တက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာ၌ နေရာယူပြီး မင်္ဂလာအချိန်၌ ပန္နက်တော်တင်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျေးရွာတွင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေ ကျပ်သိန်း ၁၅၀ ဖြင့် အလျား ၅၀ ပေ၊ အနံ ၄၀ ပေရှိ တစ်ထပ် စာကြည့်တိုက်အဆောက်အဦသစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)