ဘာသာရေးစော်ကားမှုနှင့် ပတ်သတ်၍ မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)၏ သဘောထား ထုတ်ပြန်ကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘာသာရေးစော်ကားမှုနှင့် ပတ်သတ်၍ မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)၏ သဘောထား ထုတ်ပြန်ကြေညာချက်

 


ဘာသာရေးစော်ကားမှုနှင့် ပတ်သတ်၍ မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)၏

သဘောထား ထုတ်ပြန်ကြေညာချက်


ရက်စွဲ ။ ။ ၁၃၈၆ ခုနှစ် ဝါခေါင်လဆန်း(၄)ရက်

၂၀၂၄ ခုနှစ် သြဂုတ်လ(၈)ရက် ကြာသပတေးနေ့

စာအမှတ် ။ ။ ၆/မ.ခ.သ.၂၀၂၄


၁။ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်(၇၆)တွင် ဖွင့်လှစ်ရောင်းချနေသော မင်္ဂလာစားသောက် ဆိုင်အတွင်းရှိ အများသုံးအိမ်သာများ၏ နံရံများတွင် ချိတ်ဆွဲထားသော ရှင်ရဟန်းပုံပါ ပန်းချီး၊ ဓာတ်ပုံ ကာများကို အမြင်မတော်သဖြင့် ဘာသာ သာသနာကို ချစ်မြတ်နိုးသူ တစ်ဦးက ဖြုတ်ခိုင်းခဲ့သည်ကို လူမှုကွန်ရက်မှ တွေ့ရှိ သိရပါသည်။

၂။ မင်္ဂလာ စားသောက်ဆိုင်၌ ဖြစ်ပေါ်ခဲ့သည့် ဘာသာရေးစော်ကားမှု လုပ်ရပ်အပေါ်  ရဟန်းရှင်လူ/ ဗုဒ္ဓ ဘာသာဝင် ပြည်သူများက များစွာ စိတ်မကောင်း ဖြစ်ခဲ့ရပါသည်။ ထေရဝါဒ ဗုဒ္ဓမြတ်စွာသာသနာအပေါ်  ယခုလိုရည်ရွယ်ချက်ရှိရှိ စော်ကားမှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ မင်္ဂလာဆိုင် တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံးဖြေရှင်းပေရန် လိုအပ်ပါသည်။

၃။ ယခုလို ဘာသာ သာသနာအပေါ် စော်ကားသည့် လုပ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်တဲ့ ဌာနဆိုင်ရာ လူကြီးမင်းများ အနေဖြင့် မင်္ဂလာ စားသောက်ဆိုင် ၏ ဘာသာသာသနာစော်ကားမှုကိစ္စအား အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် ရဟန်းရှင်လူ/ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် မိမိတို့ မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည်နယ်)မှ  တောင်းဆိုလိုက်သည်။ 


မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည်နယ်)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)