ဟင်္သာတမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းပေးအပ်




ဟင်္သာတ၊ သြဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မကျည်းတောကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလှူရှင်များကိုယ်စား ဟင်္သာတအသင်း ဥက္ကဋ္ဌ ဦးအုန်းလှိုင်က လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတအသင်းဥက္ကဋ္ဌ ဦးအုန်းလှိုင်နှင့် အသင်းတာဝန်ရှိသူများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၂၆)စုအတွက် ဆန်(၉၇)အိတ်၊ ဆီ(၁၉၀) ပိဿာ၊ အိုင်အိုဒင်းဆား(၂၀၀)ထုပ်၊ ရေသန့်(၆)ဘူး ကပ်ပါ (၂၀၀)ကပ်၊ စုစုပေါင်း လှူဒါန်းငွေ (၈,၇၅၀,၀၀၀)ကျပ် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ကိုင်းချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးမင်းနှင့် ရပ်မိရပ်ဖ ဦးချိုဝင်းနိုင်တို့မှ လက်ခံရယူခဲ့ပြီး ​မကျည်းတောကျေးရွာ ဒေသခံပြည်သူများကိုယ်စား ကိုင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် တာဝန်ရှိသူများ၊ ဟင်္သာတအသင်းဥက္ကဋ္ဌ ဦးအုန်းလှိုင်နှင့် အမှုဆောင်များ၊ အသင်းသူ/အသင်းသားများ၊ ကိုင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးမင်းနှင့် ကျေးရွာသူ/ကျေးရွာသားများ၊ စုစုပေါင်း (၆၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)