ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတခရိုင်အတွင်းရှိ တောင်သူများအား မျိုးစပါး၊ သွင်းအားစု (ဓာတ်မြေသြဇာ+သဘာဝမြေသြဇာ)များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတခရိုင်အတွင်းရှိ တောင်သူများအား မျိုးစပါး၊ သွင်းအားစု (ဓာတ်မြေသြဇာ+သဘာဝမြေသြဇာ)များ ထောက်ပံ့ပေးအပ်




ဟင်္သာတ ၊  သြဂုတ် ၁၆


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ ဒေါင့်တဲကျေးရွာရှိ ကွင်းအမှတ် (၁၂၉၃)၊ ဦးပိုင် အမှတ်(၁၁၄/၂)ရှိ တောင်သူ ဦးမောင်ကိုပိုင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါး စိုက်ပျိုးထားသော လယ်(၂)ဧကအား အစေ့ချစက် Drum Seeder ဖြင့် ပြန်လည်ထွန်ယက်၍ ထွန်းပုအမျိုးအစား(၇၅)ရက်သား မျိုးစပါး ပြန်လည်စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာ တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိလာခဲ့ပြီး ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးမှုများရှိခဲ့ကြသော တောင်သူများနှင့်တွေ့ဆုံပွဲ၊ မျိုးစပါး၊ သွင်းအားစု(ဓာတ်မြေသြဇာ+သဘာဝမြေသြဇာ)များ ထောက်ပံ့ပေးအပ်ပွဲအခမ်း အနား တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသော ဟင်္သာတမြို့နယ်မှ တောင်သူများအား မျိုးစပါးနှင့် သွင်းအားစု (ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ)များ ပေးအပ်ခြင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်ဆွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်မှ ဇလွန်မြို့နယ်၊လေးမျက်နှာမြို့နယ်များမှ ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသော  တောင်သူများအား မျိုးစပါးနှင့် သွင်းအားစု (ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ)များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထို့နောက် သက်ဆိုင်ရာမြို့နယ်များမှ တက်ရောက်လာသည့် တောင်သူများမှ သိရှိလိုသည်များနှင့်တင်ပြချက်များအပေါ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ စုစုပေါင်း (၁၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)