ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲကျင်းပမည်







ငါးသိုင်းချောင်း၊ ဩဂုတ်  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒု-ဥက္ကဋ္ဌ)၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ အဘိဓမ္မာပါဠိပါရဂူ ဘဒ္ဒန္တ သံဝရာဘိဝံသမဟာထေရ်၊ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲကို (၃) ရက်တိုင် စီရင်ကျင်းပသွားမည်ဖြစ်သည်။

ရှေးဦးစွာ (၁၇.၈.၂၀၂၄) ရက်နေ့ညပိုင်းတွင် ဝင့်သဉ္ဇာစတင်း မြန်မာ့ဆိုင်းဝိုင်းဖြင့် ဧည့်ခံပူဇော်မည်ဖြစ်သည်။ (၁၈.၈.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင်အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲကို နိုင်ငံတော်အခမ်းအနား အစီအစဉ်ဖြင့်ကျင်းပပြီး ညပိုင်းတွင်လည်း အားမာန်သစ်မြန်မာမှုတေးဂီတဖြင့်  ဧည့်ခံပူဇော်မည်ဖြစ်သည်။

(၁၉.၈.၂၀၂၄) ရက်နေ့တွင် ဆရာတော်ဘုရားကြီး၏ အရိုးပြာအိုးအား  ငဝန်မြစ်အတွင်းသို့ ပင့်ဆောင်ကာ ရေမျှောပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)