ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ကလောချောင်းရေလျှံမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ကလောချောင်းရေလျှံမှုဖြစ်ပွား




ကလော၊ ဩဂုတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ယနေ့နံနက် ၆ နာရီက ကလောချောင်းရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောချောင်းရေလျှံမှုကြောင့် ကလောမြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက် ချောင်းဘေးတို့တွင်နေထိုင်သည့်‎ ဒေသခံပြည်သူများ၏နေအိမ်များနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းထဲတို့တွင် ချောင်းရေများဝင်ရောက်လျက်ရှိကြောင်း၊ ကလောစျေးရောင်းချသည့်နေရာတွင်လည်း ချောင်းရေလျှံသည့်အတွက် ကလောစျေးနေ့ဖြစ်သောကြောင့် စျေးသည်၊ စျေးဝယ်များ အခက်အခဲမဖြစ်စေရေး စျေးသည်များအား တာဝန်ရှိသူများက စျေးရောင်းရမည့်နေရာများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကလောချောင်းရေလျှံခြင်းသည် မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောမြို့၏အပေါ်ဘက်မှ တောင်ကျရေများစီးဆင်းမှုကြောင့် ချောင်းရေလျှံမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)