နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်ရေ မြင့်တက်လာမှုအခြေအနေနှင့် စည်ပင်ကြီးကျေးရွာရှိ နေအိမ်များအတွင်း ရေဝင်ရောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်ရေ မြင့်တက်လာမှုအခြေအနေနှင့် စည်ပင်ကြီးကျေးရွာရှိ နေအိမ်များအတွင်း ရေဝင်ရောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

030

031

032

ဇေယျာသီရိ၊ ဩဂုတ် ၂၅

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်ရေ မြင့်တက်လာမှုအခြေအနေနှင့် စည်ပင်ကြီးကျေးရွာရှိ နေအိမ်များအတွင်း ရေဝင်ရောက်နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ နေပြည်တော်‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်ကမ်းသို့ရောက်ရှိပြီး ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူက သဘာဝဘေးအန္တရယ် ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော် ကောင်စီဝင်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး မီးသတ်ဦးစီးဌာနသို့ ကယ်ဆယ်ရေးဝတ်စုံ ၁၀ စုံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူ များသည် ဩဂုတ်လ ၂၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေနှင့် ဆင်သေချောင်းရေ မြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်သည့် စည်ပင်ကြီးကျေး ရွာအုပ်စု စည်ပင်ကြီးကျေးရွာသို့ ရောက်ရှိပြီး နေအိမ်များအတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့် ရေဝင်ရောက်သည့် နေအိမ်များမှ ပြည်သူများအတွက် သောက်သုံးရေသန့် ရရှိသုံးစွဲနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages