ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများမှ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများမှ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပြောကြား





လွိုင်ကော်၊ ဩဂုတ် ၁၂

ကယားပြည်နယ်အတွင်း ပြန်လည်တာဝန်ထမ်းဆောင်နေကြသည့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ကုသရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့က ကုတင် (၅၀၀) ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဆေးရုံကြီး အထောက်အကူပြု အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်ခြင်းကြောင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီးအား ယာယီပိတ်ထားခဲ့ရာမှ ပြည်နယ်အစိုးရအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုအခါ ထိုက်သင့်သည့်ကျန်းမာရေး ကုသမှုလုပ်ငန်းများ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း ၊ ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများမှ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများ စွမ်းအားပြည့်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု အားကိုယုံကြည်ရသော ဆေးရုံကြီးဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူ အသီးသီးက ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပြီး အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာစည်သူက ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီး တို့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြပြီး ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သည်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြည်နယ်ပြည်သူ့ဆေးရုံကြီးအတွင်း တက်ရောက်ကုသနေသည့် လူနာများအား သွားရောက်ကြည့်ရှုအားပေး၍ လူနာတစ်ဦးချင်း၏ ရောဂါအခြေအနေများကို အသေးစိတ်မေးမြန်းကာ ထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထွေထွေရောဂါကု ပြင်ပလူနာဌာနသို့သွားရောက်၍ ဆေးကုသမှုခံယူရန် ရောက်ရှိနေသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိ၊ သွားနှင့်ခံတွင်း ကုသဆောင်များတွင် လူနာများအား ဆေးဝါးကုသပေးနေမှု အခြေအနေများ အားကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံကြီးအတွင်းရှိ ကလေးရောဂါ ကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဓါတ်မှန်ခန်းများ ၊ ဓါတ်ခွဲခန်းများအဆောင်၊ ကျောက်ကပ်သန့်စင်ခန်း၊ ဆေးသို လှောင်ရေးဌာနများသို့သွားရောက်၍ ဆေးကုသနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဆေးရုံကြီး အောက်စီဂျင်စက်ရုံသို့ သွားရောက်စစ်ဆေးကြည့်ရှုပြီး စက်များ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ အမြန်ဆုံးပြန်လည်လည်ပတ်သုံးစွဲနိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)