မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်




မုံရွာ  ၊  ဩဂုတ် ၈


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (မုံရွာ) အဖွဲ့တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ ခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။


အသိပညာပေးဟောပြောပွဲတွင် ဦးစွာ အမှတ် (၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ခေတ္တတပ်ဖွဲ့စုမှူး၊ ရဲအုပ်ဌေးအောင်က လူကုန်ကူးခံရသည့် အကြောင်းရင်းများ၊ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ နှိမ်နှင်းရေးနှင့် လူကုန်ကူးမှုနှင့်ပတ်သက်‌သော ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြီးနောက် မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက လူကုန်ကူးမှုကင်းဝေးရေး ဆောင်ရန်ရှောင်ရန်များနှင့် မိမိပတ်ဝန်းကျင်တွင် လူကုန်ကူးမှုတွေ့ရှိပါက ဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


အဆိုပါ ‌အသိပညာပေးဟောပြောပွဲသို့ မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူလေးများ၏ မေးမြန်းချက်များအပေါ် ဟောပြောဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)