မျှတမှုမရှိသည့် ယှဉ်ပြိုင်မှုများကို ဖြစ်စေနိုင်သောအစီအမံများ၊ လုပ်ထုံးလုပ်နည်းများကို ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်အညီဖြစ်စေရန် အထူးအလေးထားဆောင်ရွက်သွားကြရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျှတမှုမရှိသည့် ယှဉ်ပြိုင်မှုများကို ဖြစ်စေနိုင်သောအစီအမံများ၊ လုပ်ထုံးလုပ်နည်းများကို ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်အညီဖြစ်စေရန် အထူးအလေးထားဆောင်ရွက်သွားကြရမည်


နေပြည်တော်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး(၂/၂၀၂၄)ကို ယမန်နေ့က ရုံးအမှတ်(၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယှဉ်ပြိုင်မှုကော်မရှင်သည် ပြည်သူလူထုကို ဥပဒေလေးစားလိုက်နာရေး အသိပညာပေး စည်းရုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းဝင်ရောက်ရန် အတားအဆီးဖြစ်စေခြင်း၊ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကို ပျက်ယွင်းစေခြင်းနှင့် အချို့သောယှဉ်ပြိုင်ဘက်များကို အလေးပေးခြင်းများကို ဖြစ်စေနိုင်ပြီး မျှတမှုမရှိသည့် ယှဉ်ပြိုင်မှုများကို ဖြစ်စေနိုင်သောအစီအမံများ၊ လုပ်ထုံးလုပ်နည်းများကို ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်အညီဖြစ်စေရန် အထူးအလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ အခြားသောပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်လည်း ဆန့်ကျင်မှုမဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားလာသည့် အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများနှင့် ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်၊ ကော်မရှင်တွဲဖက်အတွင်းရေးမှူး ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)