တာမွေမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

 




တာမွေ    ၊ ဩဂုတ်      ၁၅


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော  စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့  တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ မောင်ယဉ်ဝေ (ဥက္ကလာ)က ကျောင်းသား/သူလေးများအား စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူလေး များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ စာရေးဆရာ မောင်ယဉ်ဝေ (ဥက္ကလာ)က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ကျောင်းသား/သူလေးများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိ ပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား  အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ ကျောင်းသား /သူလေးများ၏ ကာယ၊ ဉာဏနှင့် တီထွင်ဖန်တီးမှု စွမ်းရည်များ တိုးတက်မြင့်မားလာစေရေးတို့အတွက် ယခုလို ဟောပြောပွဲများကို သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

 

နိင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)