တနင်္သာရီမြစ်ရေအန္တရာယ်ရေအမှတ်ထက်မြစ်ရေလျှံနေမှုကြောင့် အိမ်ထောင်စုပေါင်း(၈၃၉)စုမှ လူဦးရေပေါင်း(၃၉၃၉)ဦးတို့က ရေလွတ်ရာသို့ယာယီပြောင်းရွှေ့နေထိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြစ်ရေအန္တရာယ်ရေအမှတ်ထက်မြစ်ရေလျှံနေမှုကြောင့် အိမ်ထောင်စုပေါင်း(၈၃၉)စုမှ လူဦးရေပေါင်း(၃၉၃၉)ဦးတို့က ရေလွတ်ရာသို့ယာယီပြောင်းရွှေ့နေထိုင်





တနင်္သာရီ၊ ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်မှစတင်၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက် ညနေအထိ တိုင်းတာချက်အရ တနင်္သာရီမြို့နယ်၏ အန္တရာယ်ရေအမှတ်ဖြစ်သည့်(၂၄)ပေအထက် (၇)ပေတိတိ ကျော်လွန်ကာ (၃၁)ပေသို့မြစ်ရေဝင်ရောက်ခဲ့ရာမှ ယနေ့နံနက် ၉ နာရီအချိန်၌ (၂၇) ပေအထိ တဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ပြီး မြစ်ရေတံ့လျက်ရှိနေကြောင်း မြို့တွင်းရေဝင်ရောက်မှုအခြေအနေမှာ အမြင့်ဆုံးနေရာ၌ တစ်ပေခန့်နှင့် အနိမ့်ဆုံးနေရာတွင် ကိုးပေခန့်ရှိနေသေးကြောင်း သိရသည်။

ထိုသို့ မိုးများသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မော်လမြိုင်-ထားဝယ်-ကော့သောင်း(ထုံခါးလမ်း အပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ  လယ်တောင်ရွာကျေးရွာအနီး  ဩဂုတ်လ ၁ ရက်  ည ၁၂ နာရီအချိန် မြစ်ရေအခြေအနေမှာ  (မိုင်တိုင်အမှတ်( ၈၃၄.၀Km မှ၉၃၅.၀)  km အကြားအလျား (ပေ၂၀၀၀)ခန့် အနက်(၆ပေ-၆လက်မ)/အရှေ့မော်တုန်းကျေးရွာအနီးမှာ ၈၂၄.၀ Kmမှ ၈၂၅.၀ Km အကြား အနက် (၃ပေ)ခန်နှင့်အလျား(၁၅၀ပေ)ခန့်/ကော့မပြင်းကျေးရွာအနီးမှာ ၈၂၅.၀ Kmမှ ၈၂၆.၀ Km အကြား၌ အနက်(၄ပေ)နှင့်အလျား (၄၅၀ပေ) ခန့်နှင့် အော်ကြီးကျေးရွာအနီးတွင် ၈၂၇.၅ Kmမှ ၈၂၈.၅ Kmအကြားတွင် အနက် (၄ပေ)နှင့် အလျား (၄၅၀ပေ)ခန့်..စသဖြင့် မြစ်ရေများလမ်းကျော်နေပါသဖြင့် ခရီးသွားမော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရလဲ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ရေဘေးသင့်ပြည်သူများ ထပ်မံပြောင်းရွှေ့မှုမရှိတော့ဘဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၁ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း(၁၄)ခုနှင့်နီးစပ်ရာဆွေမျိုးများ နေအိမ်အသီးသီးသို့အိမ်ခြေ(၈၃၆)၊ အထိမ်ထောင်စု(၈၃၉)စုတို့မှ လူဦးရေ ကျား (၁၈၈၅)ဦး+ မ(၂၀၅၄)ဦး၊ အားလုံးစုစုပေါင်း(၃၉၃၉)ဦးတို့သည် ရေလွတ်ရာယာယီသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။


နန်းသာရီ-ထိန်ဝင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)